ရာသီဥတုပြောင်းလဲမှုသည် ကမ္ဘာတစ်ခုလုံးအပေါ် သက်ရောက်မှုရှိသည့် အသက်တမျှ အရေးကြီးသော ပြဿနာတစ်ရပ်ဖြစ်ပါသည်။ ကျွန်ုပ်တို့ဘက်မှ ဖန်လုံအိမ်ဓာတ်ငွေ့ တိုက်ရိုက်ထုတ်လွှတ်မှုကို လျှော့ချခြင်း၊ အသစ်ပြန်ဖြစ်သော စွမ်းအင်ကို ပိုမိုထိန်းချုပ် အသုံးချခြင်း၊ စွမ်းအင်သက်သာမှု မြင့်မားသော ထုတ်ကုန်များ တီထွင်ထုတ်လုပ်ခြင်းတို့ဖြင့် ကမ္ဘာလုံးဆိုင်ရာပြဿနာကို ကိုင်တွယ်ဖြေရှင်��ရန် ကြိုးပမ်းလျက်ရှိပါသည်။
ရာသီဥတုပြောင်းလဲမှုကို တွန်းလှန်သည့် အရေးယူလုပ်ဆောင်မှု လုပ်ဆောင်ခြင်း
ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်ဖြေရှင်းရန်အတွက်၊ Samsung Electronics သည် GHG ထုတ်လွှတ်မှု လျှော့ချရေး ပရောဂျက်အမျိုးမျိုးကို ဖန်လုံအိမ်ဓာတ်ငွေ့ တိုက်ရိုက်ထုတ်လွှတ်မှုများအတွက် ကျွန်ုပ်တို့၏လုပ်ငန်းခွင်နေရာများတွင်သာမက လုပ်ငန်းလည်ပတ်မှု၊ ထောက်ပံ့ပို့ဆောင်မှုနှင့် ကျွန်ုပ်တို့၏ ကုန်စည်ပေးသွင်းသူများအတွက် အသုံးပြုသည့် စွမ်းအင်နှင့် ကုန်ပစ္စည်းများအပါအဝင်၊ တန်ဖိုးကွင်းဆက်တစ်ခုလုံးတွင်ပါ လုပ်ကိုင်ဆောင်ရွက်ပါသည်။
ကျွန်ုပ်တို့၏ အရေးယူလုပ်ဆောင်မှုအစီအစဉ်
လုပ်ငန်းခွင်နေရာများတွင် GHG ထုတ်လွှတ်မှုများအား လျှော့ချခြင်း
- - တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းစဉ်အတွက် ဖလိုရင်းဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေး ပံ့ပိုးလုပ်ဆောင်များကို လည်ပတ်လုပ်ဆောင်ခြင်း
- - စွမ်းအင်ချွေတာရေး ပရောဂျက်များကို စီမံခန့်ခွဲပြီး စွမ်းအင်အသုံးပြုမှု လျှော့ချခြင်းကို တိုးမြှင့်ခြင်း
လုပ်ငန်းခွင်နေရာများတွင် စွမ်းအင် စီမံခန့်ခွဲမှုအား တိုးချဲ့ဆောင်ရွက်ခြင်း
- - လုပ်ငန်းခွင်နေရာများ အားလုံးတွင် စွမ်းအင် စီမံခန့်ခွဲမှု စနစ်များအား ပြင်ဆင်သတ်မှတ်ခြင်းနှင့် အသိအမှတ်ပြုမှုကို ထိန်းသိမ်းထားခြင်း
ထုတ်ကုန် အသုံးပြုမှု လုပ်ငန်းစဉ်တွင် GHG အား လျော့ချခြင်း
- - စွမ်းအင်သက်သာမှု မြင့်မားသော ထုတ်ကုန်များအား တီထွင်ထုတ်လုပ်ခြင်းနှင့် စတင်မိတ်ဆက်ခြင်း
အခြားသော GHG ထုတ်လွှတ်မှုများအား စီမံခန့်ခွဲခြင်း
- - ကုန်ပစ္စည်း ထောက်ပံ့ပို့ဆောင်ရေး၊ စီးပွားရေး ခရီးစဥ်များ၊ အစရှိသည်တို့တွင်GHG ထုတ်လွှင့်မှုများအားစီမံခန့်ခွဲခြင်း
ကုန်စည်ပေးသွင်းသူများကို ပံ့ပိုးပေးခြင်း
- - ကုန်စည်ပေးသွင်းသူများ၏ GHG ထုတ်လွှတ်မှုအား စီမံခန့်ခွဲခြင်း
- - ကုန်စည်ပေးသွင်းသူများအနေဖြင့် CDP ကုန်စည်ထောက်ပံ့ရေး ကွင်းဆက်တွင် ပါဝင်ရန် တိုက်တွန်းပြီး ထောက်ခံအားပေးခြင်း
ကျွန်ုပ်တို့၏ အကဲဖြတ်မှုနှင့် တုံ့ပြန်မှု လုပ်ငန်းစဉ်
-
01
ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်နှင့် ပြဿနာများကို ခွဲခြားဖော်ထုတ်မှု
-
သက်ရောက်မှုများ၊ ပြဿနာများနှင့် အခွင့်အလမ်း အကြောင်းအရင်များကို ခွဲခြားဆန်းစစ်မှု
ပြဿနာနှင့် အခွင့်အလမ်း ဆန်းစစ်လေ့လာမှု စံသတ်မှတ်ချက် - ရှယ်ယာရှင်၏ အကျိုးအမြတ် / လုပ်ငန်းရေပန်းစားမှု / လုပ်ငန်းသက်ရောက်မှု / ဌာနတွင်းလုပ်ဆောင်နိုင်စွမ်း / ဖြစ်ပေါ်နိုင်ခြေ
-
တုံ့ပြန်မှုနည်းဗျူဟာများ သတ်မှတ်မှု
-
ပရောဂျက်များကို အကောင်အထည်ဖော်ကာ စောင့်ကြည့်လေ့လာမှု
-
ရလဒ်များကို ခွဲခြားစစ်ဆေးကာ ရည်စူးချက်နှင့်ပတ်သက်၍ စစ်ဆေးမှု
ပြဿနာနှင့် အခွင့်အလမ်း ဆန်းစစ်လေ့လာမှု
နှင့် အခွင့်အလမ်း ကူးပြောင်းမှု
ကာလ
ကာလ
အလတ်
ကာလ
အလတ်
ကာလ
အခွင့်အလမ်းများ
ကာလ
ကာလ
ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချခြင်းနှင့် အသစ်ပြန်ဖြစ်သော စွမ်းအင် အသုံးပြုမှု တိုးချဲ့ခြင်း
Samsung Electronics သည် GHG ထုတ်လွှတ်မှုနှင့် ထုတ်လုပ်ရေးတွင် အသုံးပြုသည့် စွမ်းအင်လျော့ချရေးတွင် အထူးအလေးထားလျက်ရှိပါသည်။
လုပ်ငန်းဆိုက်တစ်ခုစီသည် နှစ်စဉ် GHG ထုတ်လွှတ်မှုအား ကြိုတင်ခန့်မှန်းပြီး ထုတ်လုပ်မှုလုပ်ငန်းစဉ်အတွက် အကောင်းဆုံးဖြစ်အောင် ပြုလုပ်ထားသည့် GHG လျှော့ချရေး ပရောဂျက်များကို ခွဲခြားသတ်မှတ်ကာ၊ လျှော့ချရေးအစီအစဉ်များကိုလည်း ချမှတ်ပြီး ဆောင်ရွက်ပါသည်။
2018 ခုနှစ်တွင် အသစ်ပြန်ဖြစ်သော စွမ်းအင် အသုံးပြုမှုတိုးချဲ့ရန် ကြေညာချက်ထုတ်ပြီးကတည်းက၊ အသစ်ပြန်ဖြစ်သော စွမ်းအင်အသွင်ကူးပြောင်းရေး အစီအစဉ်များကို ရေးဆွဲပြီး ၎င်းတို့ကို ဆက်တိုက် အကောင်အထည်ဖော်ရန် ကျွန်ုပ်တို့သည် ကမ္ဘာ့ဒေသအသီးသီးရှိ အသစ်ပြန်ဖြစ်သော စွမ်းအင်ဆိုင်ရာ မူဝါဒများနှင့် အခြေခံမူဘောင်များကို ထည့်သွင်းစဉ်းစားခဲ့ပါသည်။
ထုတ်ကုန်အသုံးပြုနေစဉ်အတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချခြင်း
Samsung Electronics တွင် Eco-Council ကို ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် ဌာနခွဲများ၏ အလုပ်အဆင့်အကြံပေးအုပ်စုများဖွဲ့စည်းထားပါသည်။ ၎င်းတို့က စွမ်းအင် ထိန်းသိမ်းရေး နည်းပညာများနှင့် ပတ်ဝန်းကျင် စည်းမျဉ်း အလားအလာများကို စောင့်ကြည့်ကာ ထုတ်ကုန်အသုံးပြုနေစဉ်အတွင်း GHG ထုတ်လွှတ်မှုကို လျှော့ချရန်အတွက် ထုတ်ကုန်အသစ်၏ စွမ်းအင်သက်သာမှုကို မြှင့်တင်ရန် နည်းဗျူဟာများ ရေးဆွဲပါသည်။
အသစ်ပြန်ဖြစ်နိုင်သောစွမ်းအင် အသုံးပြုရန် ကျွန်ုပ်တို့၏ ကုန်ကြမ်းပေးသွင်းသူများကို ပံ့ပိုးပေးခြင်း
ကျွန်ုပ်တို့၏ အဓိကစီးပွားရေးလုပ်ဖော်ကိုင်ဖက်များမှ ဖန်လုံအိမ်ဓာတ်ငွေ့ကို လျှော့ချရန်နှင့် အသစ်ပြန်ဖြစ်သော စွမ်းအင်ပိုမိုအသုံးပြုနိုင်ရန် အထောက်အကူပြုရာတွင်၊ Samsung Electronics သည် 2019 ခုနှစ်ကတည်းက CDP ကုန်စည်ထောက်ပံ့ရေး ကွင်းဆက် အဖွဲ့ဝင်ဖြစ်လာပြီး 80% ထက်ပိုသော အရောင်းအဝယ်ပမာဏရှိ ကုန်စည်ပေးသွင်းသူများအနေဖြင့် GHG လျှော့ချရေးပစ်မှတ်များအား သတ်မှတ်ရန် တောင်းဆိုခဲ့ပါသည်။ ကျွန်ုပ်တို့သည် အဓိက ကုန်စည်ပေးသွင်းသူများအတွက် CDP ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စစ်တမ်း မေးခွန်းဖြေဆိုနည်းနှင့် ၎င်းတို့၏ GHG ထုတ်လွှတ်မှုနှင့် ပန်းတိုင်များကို စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာနည်းအတွက် သင်တန်းများပို့ချပေးခဲ့ပါသည်။ ထို့အပြင်၊ အသစ်ပြန်ဖြစ်သော စွမ်းအင်ဆိုင်ရာ ကောင်စီ မှတစ်ဆင့် ပိုမိုမြင့်မားသော အသစ်ပြန်ဖြစ်သည့် စွမ်းအင်အသုံးပြုမှုနှင့် ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းမျာ���ကို ဆင်ခြင်သုံးသပ်ခြင်းဆိုင်ရာ အချက်အလက်များကို ကျွန်ုပ်တို့မျှဝေပါသည်။
GHG လျှော့ချရေး ရည်မှန်းချက်များကို သတ်မှတ်သည့် ကုန်စည်ပေးသွင်းသူများအား မက်လုံးပေး၍ ကမ်းလှမ်းပါသည်။ ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချရေး ကြိုးပမ်းမှုတွင် ကုန်စည်ပေးသွင်းသူများ ပိုမိုပါဝင်နိုင်စေရန် ၎င်းတို့နှင့် တက်ကြွစွာ ပူးပေါင်းပြီး ပံ့ပိုးကူညီမှုများ ထောက်ပံ့ပေးရန် ကျွန်ုပ်တို့ ကတိပြုပါသည်။